for the purification of beings, for the overcoming of sorry and lamentation, for the disappearance of pain and grief, for reaching the Noble Path, for the realization of pacefulness for the Unity of our world, for the purification of our mind, for the protection of the war we should practice theses,thinking of critically,discussion,sharing of our knowledge with each others, choose the way what is good for human beings and doing for present life.

Wednesday, June 17, 2009

လူ့ အခွင့်အရေး ကြေညာစာတမ်း Universal Declaration of Human Rights

အပိုဒ် (၁) - လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။

အပိုဒ် (၂) - မည်သူ့ ကိုမှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။

အပိုဒ် (၃) - လူတိုင်း အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ရှိသည်။

အပိုဒ် (၄) - မည်သူ့ ကို့မှ ကျွန်အဖြစ်စေခိုင်းခြင်း၊ ရောင်းဝယ်ခြင်းမပြုရ။

အပိုဒ် (၅) - မည်သူ့ ကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာ ဆက်ဆံခြင်း အပြစ်ပေးခြင်း မပြုရ။

အပိုဒ် (၆) - တရားဥပဒေရှေ့ မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြု ခံပိုင်ခွင့်၊

အပိုဒ် (၇) - တရားဥပဒေရှေ့ တွင် တန်းတူညီခွင့်၊

အပိုဒ် (၈) - မိမိပိုင်အခွင့်အရေး ချိုးဖောက်ခံရပါက ဥပဒေအကူအညီ ရယူခွင့်၊

အပိုဒ် (၉) - မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှု ရရှိခွင့်၊

အပိုဒ် (၁၀) - လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်၊

အပိုဒ် (၁၁) - ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်၊

အပိုဒ် (၁၂) - ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာများအား ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း၊

အပိုဒ် (၁၃) - လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊

အပိုဒ် (၁၄) - မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့် တောင်းခံပိုင်ခွင့်၊

အပိုဒ် (၁၅) - နိုင်ငံသား ဖြစ်ခွင့်၊

အပိုဒ် (၁၆) - အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်၊

အပိုဒ် (၁၇) - ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊

အပိုဒ် (၁၈) - လွတ်လပ်စွာ တွေးခေါ် ယုံကြည် ကိုးကွယ်ခွင့်၊

အပိုဒ် (၁၉) - လွတ်လပ်စွာ ထုတ်ဖော်တင်ပြ ပြောဆိုခွင့်၊ သတင်းရယူခွင့်၊

အပိုဒ် (၂၀) - ငြိမ်းချမ်းစွာ ဖွဲ့ စည်းထားသော အဖွဲ့ များအား လွတ်လပ်စွာ ဝင်ရောက်ခွင့်၊ စုဝေးခွင့်၊

အပိုဒ် (၂၁) - အစိုးရတွင် ပါဝင်ခွင့်၊

အပိုဒ် (၂၂) - လူမှုဖူလုံရေး ခံစားခွင့်၊

အပိုဒ် (၂၃) - အလုပ်လုပ်ခွင့်၊ အလုပ်သမား သမဂ္ဂများဝင်ရောက်ခွင့်၊

အပိုဒ် (၂၄) - အပန်းဖြေအနားယူခွင့်၊

အပိုဒ် (၂၅) - လုံလောက်သော လူမှုအဆင့်အတန်း ခံစားခွင့်နှင့် ဆေးကုသခံပိုင်ခွင့်၊

အပိုဒ် (၂၆) - ပညာသင်ကြားပိုင်ခွင့်၊

အပိုဒ် (၂၇) - ယဉ်ကျေးမှုဘဝတွင် ပါဝင်ပိုင်ခွင့်နှင့် မိမိတီထွင်မှုအကျိုးကို မိမိခံစားပိုင်ခွင့်၊

အပိုဒ် (၂၈) - ထိုအခွင့်အရေးများကို လေးစားရန်တာဝန်၊

အပိုဒ် (၂၉) - အခြားသူများ၏ အခွင့်အရေးကို လေးစားလိုက်နာရန်၊

အပိုဒ် (၃၀) - မည်သူမှ ဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်၊

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၄၈ ခုနှစ်တွင် ပြဌာန်းလိုက်သော အပြည်ပြည် ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်းသည် လက်မှတ်ရေးထိုးစရာ လိုအပ်သော သဘောတူစာချုပ် မဟုတ်သော်လည်း မည်သည့်နိုင်ငံမဆို ကုလသမဂ္ဂပဋိညာဉ် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ ဖြစ်သွားသည်နှင့် တပြိုင်နက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်းပါ အချက်များကို လေးစား လိုက်နာရန် တာဝန်ရှိသွားပြီ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာ စာတမ်းကို ကုလသမဂ္ဂ ပဋိညာဉ်မှ လွဲ၍ မည်သည့်စာချုပ်၊ မည်သည့် ဥပဒေကမှ မလွှမ်းမိုးနိုင်။

No comments:

Post a Comment

 
font:Zawgyi-One;